ဘဝသင်ခန်းစာ(၇၆)



ဘဝသင်ခန်းစာ(၇၆)

         (Paul) တစ်ယောက် သူ့အစ်ကိုဆီကနေ (Christmas) လက်ဆောင်အဖြစ် ကားအသစ်စက်စက် တစ်စီးရလိုက်တယ်... အဲဒီ (Christmas) ညနေလေးမှာပဲ (Paul) ရုံးခန်းကအပြန်မှာ နွမ်းပါးတဲ့ ကလေးငယ်လေးတစ်ယောက် သူ့ရဲ့ကားဘေးမှာ လှည့်ပတ်ကြည့်
ရှုနေတာကို တွေ့လိုက်ရတယ်... သူ့ကိုတွေ့တော့ ကလေးကမေးတယ်...

"ဒီကားက ဦးရဲ့ ကားလားဟင်??"
(Paul) က ခေါင်းညိမ့်ပြတယ်...
"ဒီကားကို ဦးရဲ့ အစ်ကိုက (Christmas) လက်ဆောင် ဝယ်ပေးတာကွ!!"...
ကလေးငယ်ဟာ ခေတ္တ အံ့သြသွားပုံရပြီး နောက်...
"ဒါဆို ဦးက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ဒီကားကြီးကို ပိုင်သွားတာပေါ့နော်.?? အားကျလိုက်တာဗျာ... ကျွန်တော်လည်း..........."
ကလေးဟာပြောနေရင်း တွေဝေနေသလိုနဲ့ စကားကိုရပ်လိုက်တယ်...
(Paul) နားလည်လိုက်ပါတယ်... သူဘာကို လိုချင်တယ်ဆိုတာကိုပေါ့... သူ့မှာလည်း ဒီလို အစ်ကိုမျိုးရှိချင်လိုက်တာလို့ ဒီကလေးတွေးနေပါလိမ့်မယ်... ဒါပေမယ့် ကလေးဆက်ပြောတဲ့ စကားကြောင့် (Paul) ရဲ့ ထင်မြင်ချက်တွေဟာ လုံးဝလွဲချော်သွားတော့တယ်...
"ကျွန်တော်လည်း အဲလို အစ်ကိုမျိုးဖြစ်ချင်လိုက်တာ..."
(Paul) ဟာ ဒီကလေးကို အံ့သြစွာကြည့်နေမိတယ်... နောက်ပြီး
"မင်း... ဒီကားကြီးကို စီးမကြည့်ချင်ဘူးလား??"
"ဟာ... တကယ်လား ဦး?? သိပ်စီးချင်တာပေါ့ဗျာ..."
ကားကို တက်စီးပြီး သိပ်မကြာခင်မှာပဲ ကလေးဟာ (Paul) ကိုကြည့်ပြီး မေးတယ်..
"ဦး... ကျွန်တော့် အိမ်ဘက်ကို ခနလောက် မောင်းပေးလို့ ရမလားဟင်??"
(Paul) ပြုံးမိသွားတယ်... ဒီကလေးငယ် ဘာကြောင့် သူ့အိမ်ကို မောင်းခိုင်းရသလဲဆိုတာ (Paul) သိတယ်... သူ့အနေနဲ့ ဒီလိုကားကြီးစီးရတယ်ဆိုတာ သူ့အိမ်နီးချင်းတွေသိအောင် ကလေးသဘာဝ ကြွားဝါချင်ရှာမှာပဲလို့ တွေးလိုက်မိတယ်...
"ဟိုရှေ့က လှေကားတွေရှေ့မှာ ခဏရပ်ပေးပါနော်..."
အဲဒီနောက် ကလေးက လှေကားပေါ်ကို ပြေးတက်သွားတယ်... ခဏအကြာမှာ လှေကားဆင်းလာတဲ့ ခြေသံတွေကြားရတယ်... ဒါပေမယ့် ဖြေးဖြေးလေးလှမ်းလာတဲ့ ခြေသံတွေဖြစ်နေတယ်... ကလေးငယ်ဟာ ခြေမသန်တဲ့ သူ့ရဲ့ ညီလေးကိုချီပိုးရင်း ဆင်းလာတာကို (Paul) တွေ့လိုက်ရတယ်...
ကလေးငယ်ဟာ သူ့ညီကို အောက်ဆုံးလှေကားမှာ ချလိုက်ပြီး ကားကိုလက်ညှိုးညွှန်ပြီးပြောတယ်...
"တွေ့လားညီလေး... အပေါ်မှာတုန်းက အစ်ကိုမင်းကို ပြောသလိုပဲ... အဲဒီကားကြီးကို သူ့အစ်ကိုက (Christmas) လက်ဆောင်ဝယ်ပေးတာကွ... သူတစ်ပြားမှ မပေးရဘူး... တစ်နေ့ကျရင် အစ်ကိုလည်း ညီလေးကို အဲလိုကားကြီးမျိုး ဝယ်ပေးမယ်နော်..."
(Paul) ဟာ ကားပေါ်ကဆင်းပြီး ခြေထောက်မသန်ရှာတဲ့ ကလေးငယ်လေးကို ပွေ့ချီပြီး ကားရှေ့ခန်းမှာ ထိုင်ခိုင်းလိုက်တယ်... သူ့ရဲ့ အစ်ကိုဖြစ်သူကတော့ မျက်လုံးအရောင်တွေ တောက်ပစွာနဲ့ ကလေးရဲ့ ဘေးမှာဝင်ထိုင်တယ်...
အဲဒီ (Christmas) ညနေခင်းဟာ သူတို့ ၃ ဦးစလုံးအတွက် မမေ့နိုင်တဲ့ အဓိပ္ပါယ်ရှိတဲ့ ညနေခင်း ဖြစ်ခဲ့ပါတော့တယ်...။

Credit:ကြယ်မင်းတာရာ

(PS:ကျွန်တော်တို့လည်း အဓိပ္ပါယ်ရှိတဲ့ ညနေခင်းလေးတွေ ဖန်တီးကြရအောင်...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း