ဘဝသင်ခန်းစာ(၈၉)

ဘဝသင်ခန်းစာ(၈၉)

မူလတန်းကျောင်းတွင် ဖြစ်သည်။ ပြောစကား နားမထောင်သော တပည့်ကို ဆရာမက ပြောသည် ။
" မောင်ဖြိုးမောင်...ဆရာမလေ..မင်းရဲ့ အမေ သုံးရက်လောက်ပဲ ဖြစ်လိုက်ချင်တယ်..အဲ့ဒါဆို ..မင်းဟာ လူကောင်းလေး တစ်ယောက်ဖြစ်သွားမှာ..သေချာတယ် .."

ဆရာမ စကားကြောင့် ဖြိုးမောင်ဆိုသည့် ကျောင်းသားလေး တွေဝေသွားသည်။ သူလူကောင်းလေး ဖြစ်ချင်သည်။ ဆရာမ တော်တော်များများကလည်း သူ့အကြောင်းပြောတိုင်း လူဆိုးလေးဟု ပြောတတ်ကြသည့် မဟုတ်လား။ ခက်သည်က...။ ဖြိုးမောင် သက်ပြင်းချလိုက်ပြီး ဆရာမကို မဝံ့မရဲပြန်ပြောလိုက်သည်။
" အမေကတော့ သဘောတူမှာ မဟုတ်ဘူးဆရာမ၊ အဖေကတော့ သဘောတူမှာ သေချာတယ်။ အမေ့ကို ကျွန်တော်ပြောပေးပါ့မယ် ဆရာမ၊ ညနေအိမ်လိုက်ခဲ့နော်..."
"နေ...နေ...နေပါစေကွယ်..."
(PS: ကလေးတွေက အတည့်တွေးတတ်တာကို သတိရပါ...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း