ဘဝသင်ခန်းစာ(၇၃)

ဘဝသင်ခန်းစာ(၇၃)



         မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။
လမ်းကကျဉ်း ဈေးကလည်းစည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိတယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။
ဈေးခြင်းတောင်းက ကျသွားတယ်ဆိုပေမယ့် ခြင်းတောင်းထဲကအရာတွေ အပြင်ကိုထွက်မကျခဲ့ဘူး။
ဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ပြင်တယ်။
အဲဒီမှာ အဒေါ်ကြီးက လှမ်းအော်တယ်...
"မိန်းကလေး.. မိန်းကလေးရဲ့ပစ္စည်းကျခဲ့ပြီ"
မိန်းကလေးက သူ့ပစ္စည်းတစ်ခုခု ပြုတ်ကျသွားတယ်အထင်နဲ့ ဆိုင်ကယ်ချက်ချင်းရပ်ပြီး မေးတယ်။
"ကျွန်မရဲ့ ဘာပစ္စည်းများ ကျခဲ့သလဲ?"
"မိန်းကလေးရဲ့ လူတွေမှာရှိသင့်တဲ့ ရည်မွန်ခြင်းကျခဲ့ပါတယ်"
" ရှင်..."

Credit:သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ

(PS:တစ်နေ့တစ်နေ့ ကျွန်တော်တို့လည်း ဘယ်အရာတွေ ကျကျန်ရစ်ခဲ့သလဲ၊ ကျပျောက်သွားသလဲ...အိပ်ယာဝင်ချိန်မှာ ပြန်သုံးသပ်ဖို့တော့ လိုပြီထင်ပါတယ်။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း