ဘဝသင်ခန်းစာ(၉၇)

ဘဝသင်ခန်းစာ(၉၇)

တစ်ခါက မစ္စတာဘရောင်းဆိုသူဟာခရီးထွက်ဖို့လေဆိပ် ကိုရောက်လာတယ်။
လေဆိပ်ရဲ့ပေါင်ချိန်စက်အရှေ့ကိုရောက်တော့
ပေါင်ချိန်ကြည့်ဦးမယ်ဆိုပြီး ပေါင်တက်ချိန်တာပေါ့။

ဒီအခါမှာ ပေါင်ချိန်စက်ကြီးက
“ခင်ဗျားနာမည်မစ္စတာဘရောင်းပါ၊ ခင်ဗျားရဲ့ ကိုယ်အလေးချိန်က ၁၈၀ပေါင်ပါ။ခင်ဗျားဟာ(၉)နာရီလေယာဉ်နဲ့ ဘော့စတွန်ကိုသွားမယ့်သူ ဖြစ်ပါတယ်“လို့ပြောတယ်။
ဒီအခါမှာ မစ္စတာဘရောင်းက
“ဟာ ပေါင်ချိန်စက်ကြီးကငါ့နာမည်လဲသိတယ်၊ ငါသွားမယ့်ခရီးစဉ်လဲသိတယ်၊ အထဲကိုလူဝင်ပြီးများပြောနေသလား မသိဘူး“ ဆိုပြီး ပေါင်ချိန်စက်ကြီးကိုလှည့်ပတ်ကြည့်တယ်။
ပြီးတော့ နောက်တစ်ခါထပ်ချိန်လိုက်ပြန်တယ်။
ဒီအခါမှာလည်း ပေါင်ချိန်စက်ကြီးခုနကအတိုင်းပဲ ပြောတယ်။
ဒါနဲ့ မစ္စတာဘရောင်းက မကျေနပ်ဘဲ
အိမ်သာထဲသွားပြီးရုပ်ဖျက်လိုက်တယ်။
ပြီးတော့မှတစ်ခါထပ်ချိန်လိုက်တယ်။ဒီအခါမှာတော့ပေါင်ချိန်စက်ကြီးက
“ခင်ဗျားနာမည်မစ္စတာဘရောင်းပါ။ ခင်ဗျားရဲ့ကိုယ်အလေးချိန်က ပေါင်
၁၈၀ဖြစ်ပါတယ်။ခင်ဗျားစီးရမယ့် လေယာဉ်ဟာ ထွက်သွားတာ(၅)မိနစ် ရှိသွားပါပြီ“
" ငိငိ..."

မူလရေးသားသူအား Credit:

(PS:လူဆိုတာ တစ်ခါတစ်ခါ သံသယကြောင့်၊ တစ်ခါတစ်ခါ သေချချင်လို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အချိန်တွေ ကုန်သွားခဲ့ရ၊ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရသူတွေပဲလေ...။)

ကျွန်တော်လည်း လူသားထဲက လူပဲလေ။ ပိုကောင်းအောင် သေချာလေးရေးမယ်ဆိုပြီး အက်ဆေးလည်း မရေးဖြစ်၊ ဝတ္ထုလည်း မရေးဖြစ်၊ ယုတ်စွအဆုံး ရေးပြီးသား စာတွေတောင် မပို့ဖြစ်တာ ကြာပါပြီကော။

ချစ်ခြင်းများဖြင့်
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း