နဲဗား ကောလ်တူမီ



နဲဗား ကောလ်တူမီ

        ဒီနေ့ ကျောင်းတုန်းက သူငယ်ချင်းမလေးတို့ မိသားစု အိမ်အလည်ရောက်လာတယ်။ လွန်ခဲ့တဲ့ (၁၇)(၁၈)နှစ်ဆိုတာ ခဏလေးပါလားလို့ သတိပြုမိတယ်။ စကားပြောပုံကလည်း ဟိုးတုန်းက အတိုင်းပဲ။ သိတယ်မို့လား။ (Nearly 40) ဆိုတော့ကာ ကိုယ့်အမျိုးသမီးရော သူရော (Super Heavy) ကြီးတွေပေါ့။ ခု သူတို့စကားပြောနေတုန်း (Screenshots) ရိုက်ပြီး ဟိုးတုန်းက လူငယ်ဘဝမှာ သွားပြရရင် ဘယ်လောက်ရယ်စရာ ကောင်းလိမ့်မလဲ...။
ကျွန်တော်ရဲ့ သူငယ်ချင်းတွေထဲမှာ တချို့က စီးပွားရေး သောင်သာတယ်။ တချို့က ကိုယ်လိုသူလိုပါပဲ။ တချို့တွေက အိမ်ထောင်ရေးတွေပြိုကွဲ၊ တချို့တွေတော့လည်း အရက်ဘက်လဲ လို့။ နောက်တစ်မျိုး ထပ်ခွဲရင် တချို့က (Facebook) သုံးတယ်၊ တချို့က ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးဘူး။ သူတို့မွေးထားတဲ့ ကလေးတွေ ပြန်မေးနေရတဲ့အဆင့်။ တချို့တွေကတော့ လုံးဝကို မသုံးတတ်တာ၊ မသုံးကြတာ။ သုံးတတ်တဲ့ သူငယ်ချင်းတွေရှိတော့လည်း အဆက်မပြတ်တာပေါ့။ တချို့ စည်ပိုင်းသူငယ်ချင်းမတွေ ဟိုရောက်ဒီရောက် သူတို့ပုံတွေတင်ကြတယ်။ ကိုယ်ကလည်း (Like) ပေးရတာပေါ့။ တကယ်တော့ သူတို့ရဲ့ ကို့ယို့ကားယား ပုံတွေကြည့်ပြီး ရယ်ရလို့ (Like) ပေးတာပါ။ (Comment) မှာတော့ သူငယ်ချင်း မိုက်တယ်၊ စွန်းလန်းပေါ့။ အဲ...ကျွန်တော့်ပုံတွေ တင်တော့လည်း သူတို့က (Like) ပေးကြသဗျ။ ကျွန်တော့်ပုံက မပိန်၊ မဝ ဆိုတော့ ဟိုးတုန်းကအတိုင်း အူကြောင်ကြား လူဘွန်ဇိုင်းလေး မျက်မှန်နဲ့ ဆံဖြူပဲတိုးတာလာဆိုပြီး ရယ်ချင်ပက်ကျိနဲ့ (Like) သွားကြတာနေမှာပါ။ ဘာပဲပြောပြော မွန်းကြပ်တဲ့လူနေမှုဘဝထဲမှာ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရတာ၊ တွေ့မြင်နေရတာကတော့ ပျော်စရာ၊ ကျေနပ်စရာကြီးပါဗျာ...။ ခင်ဗျားရော မရယ်ချင်ဘူးလား။ မထော်မနှမ်းနဲ့ ရယ်စရာပုံတွေ၊ စာတွေဖတ်ချင်ရင်တော့...။ ဟုတ်ကဲ့ အလည်လာခဲ့ပါ သူငယ်ချင်း...။
(PS:Page ထဲကို ပြောတာနော် သူငယ်ချင်းတို့။ ဖုန်းမဆက်ကြေး Please...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၃.၁၂.၂၀၁၇ နေ့လည် ၁၂း၃၇ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း