အစစ်မလာခင် အတုတွေ ဈေးကြီးတယ်




အစစ်မလာခင် အတုတွေ ဈေးကြီးတယ်

အစစ်မလာခင်
အတုတွေ ဈေးကြီးတယ်...။
အချိန်မတိုင်ခင် ပွင့်တဲ့ပန်း
အကြွေစောတာ မဆန်းဘူး...။

အချိန်မတိုင်ခင် သီးတဲ့အသီး
သိပ်မချိုတာ မဆန်းဘူး...။
ရာသီသုံးမျိုးလုံး လိုတရနေတာ
ခင်ဗျားကျေနပ်ရင်
ဓာတုဗေဒ ကမ္ဘာထဲ
ရောက်နေတာ သတိချပ်ဖို့လိုတယ်...။
ဘုရားငါးဆူပွင့်မယ့် ဘဒ္ဒမှာ
ရှင်မေတ္တေးယျ ပါရမီဖြည့်တုန်း(အချိန်စောင့်တုန်း)
လောကအတုမှာ ခင်ဗျားပျော်နေရင်
ဘုရားအစစ်နဲ့ လွဲလိမ့်မယ်...။

ရှဥ့်ညိုလေး
(၇.၁၂.၂၀၁၇ နံနက် ၉း၃၁ မိနစ်)

https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward