ဘဝသင်ခန်းစာ(၇၁)



ဘဝသင်ခန်းစာ(၇၁)

အရွယ်ရောက်လာသည့် ခြင်တစ်ကောင်သည် သူ့ဘ၀၏ ပထမဆုံးအကြိမ်အဖြစ် လှည့်လည် ပျံသန်းပြီးတဲ့နောက် ဖခင်ဖြစ်သူက မေးသည်။
"ဘယ်လိုလဲဟေ့ ငါ့သား၊ ပျော်ခဲ့ရဲ့လား..."

သားဖြစ်သူက ၀မ်းသာအားရနှင့်
"ဘယ်လိုပြောလိုက်ပါ့ အဖေရာ၊ အရမ်းပျော်တာပဲ၊ လူတိုင်းလူတိုင်းက သားကို လက်ခုပ်တွေတီးပြီး သြဘာပေးကြတယ်..."
"လက်ခုပ်တီးပြီး သြဘာပေးကြတာ မဟုတ်ဘူး ငါ့သားရဲ့။ အဲဒါ ငါ့သားကို သတ်ဖို့ ကြိုးစားကြတာ၊ သူတို့ လက်ခုပ်တွေ ပိုပြီးတီးလေလေ... ငါ့သား သေဖို့အတွက် အခွင့်အလမ်း ပိုပြီး များလာလေလေပဲ...ဒီကရှေ့ ပိုဂရုစိုက်တော့ ငါ့သားရေ..."
" ညှိ..."
ပျော်တာပေါ့ အဖေရယ် သီချင်းကို ညည်းနေသည့် သားခြင်ကောင်သည် ခြင်တို့၏အသံဖြင့် ညှိဟု အာမေဋိတ်သံထွက်သွားလေတော့သည်။

(PS: လက်ခုပ်တီးတိုင်း အားပေးနေသည် ထင်နေသည့် ခြင်မင်းများအတွက်)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း