ဘဝသင်ခန်းစာ(၇၉)



ဘဝသင်ခန်းစာ(၇၉)

           ဆရာ တစ်ယောက်ဟာသူ့တပည့်တစ်ယောက်နဲ့ အတူပင်လယ်ကမ်းစပ် ဘေးမှာလမ်းလျောက် ထွက်ကြပါ တယ်။ ဆရာ ဖြစ်သူက သဲပြင်ပေါ်မှာ တုတ်ချောင်းနဲ့ (၄)ပေ ရှည်တဲ့ မျည်းတစ်ကြောင်းနဲ့ (၂)ပေရှည်တဲ့ မျည်းတစ်ကြောင်းကို အစဉ်လိုက်အတိုင်း ဆွဲ လိုက်ပါတယ်။
ပြီးတော့ တပည့်ကိုပြောလိုက်တာ
“ ဒီ(၂)ပေ မျည်းကြောင်းကို မဖျက်ပဲ (၄)ပေထက် ပိုရှည်အောင် ဘယ်လိုလုပ် မလဲ ရော့ စမ်းကြည့်"
ဆိုပြီးတုတ်ချောင်းကိုပေးလိုက်တယ်။
တပည့်လုပ်တဲ့ သူက ခဏလောက်နည်းလမ်းရှာစဉ်းစားတယ် ပြီးတော့မှ (၄)ပေရှည်တဲ့မျည်းကြောင်းကို လက်နဲ့ (၁)ပေပဲ ကျန်အောင်ဖျက်ပစ်လိုက်တယ်။ အဲဒီတော့ (၂)ပေ မျည်းကြောင်းက ပိုရှည် သွားသလို ဖြစ်သွားတယ်။ ပြီးတော့ ဆရာကိုမေးလိုက်တာ
“ ဒီအတိုင်းဆို အဆင်ပြေ မလား ဆရာ ” ဆိုတော့
ဆရာကပြောတာ
“ အဲဒါက ကိုယ်ပိုမြင့်တက်စေဖို့ သူများခေါင်းကိုနင်းတယ်လို့ ခေါ်တယ် ”

Credit:ဒေါက်တာခင်မောင်ညို

(PS: ကျွန်တော်တို့လည်း (၄)ပေမျဉ်းကြောင်းကို ဘယ်နှစ်ခါ ဖျက်မိခဲ့သလဲ။ ဖျက်နေတဲ့သူတွေကိုလည်း ခင်ဗျားဝန်းကျင်မှာ တွေ့ဖူးမှာပါ။ ဖျက်ဆီးရမယ့် ပမာဏနဲ့ ကြိုးစားရမယ့် ပမာဏက အတူတူပါပဲ။ ဦးတည်ရာလေးပဲ လွဲသွားတာ မဟုတ်လား။ စိုက်ထုတ်ရမယ့် အားချင်းအတူတူ နှစ်သစ်ကစလို့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ပန်းတိုင်ဆီကို ချီတက်ကြရအောင် သူငယ်ချင်းတို့...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ရသစာတမ်း

ကျွန်တော်နှင့် OG Ward