ဘဝသင်ခန်းစာ(၈၆)



ဘဝသင်ခန်းစာ(၈၆)

            တစ်ခါတုန်းက လူတစ်ယောက်ဟာ အိုမင်းမစွမ်းဖြစ်နေသောသူ့ရဲ့ဖခင်ကို ခမ်းနားလှတဲ့ စားသောက်ဆိုင် တစ်ဆိုင်သို့ခေါ်လာကာ ညစာအတူစားကြလေသည်။သူ့အဖေမှာအတော်လေးအားနည်းနေပုံပေါက်ကာ စားသောက်နေစဉ်မှာပဲ ဇွန်းတွေ၊ အစားအသောက်တွေပြုတ်ကျကာ ညစ်ပတ်ကုန်လေသည်။

ဘေးဝိုင်းမှာထိုင်နေတဲ့လူတွေက ကဲ့ရဲ့အထင်သေးသလိုဝိုင်းကြည့်ကြနေကြသော်လည်း သားဖြစ်သူမှာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဆက်လက်စားသောက်နေလေသည်။ စားလို့ပြီးသည့်နှင့် သူ့ဖခင်အား သန့်စင်ခန်းသို့ခေါ်ဆောင်သွားကာ
အ၀တ်အစားများပေါ်ပြုတ်ကျနေသည်များကိုဆေးကြောသန့်စင်ပေးပြီး
သပ်သပ်ဖြစ်စေကာ ပြန်လည်ခေါ်ဆောင်လာပါသည်။
ထို့နောက် မည်သူကိုမှဂရုမစိုက် အေးဆေးစွာပင် ပိုက်ဆံရှင်းကာ
ထွက်ခွာလာလေသည်။
ထိုအချိန်မှာ စားသောက်ဆိုင်ထဲမှာ လူကြီးတစ်ယောက်က
ထိုသူအားလှမ်းခေါ်ကာ
"ဟေ့ကောင်လေး မင်းဆိုင်ထဲမှာတစ်ခုခုကျန်ခဲ့တယ်လို့မထင်ဘူးလား"
"မကျန်ခဲ့ပါဘူးခင်ဗျ ဘာဖြစ်လို့လဲ"
"မင်းကျန်ခဲ့ပါတယ် ကောင်လေး
သားဖြစ်သူတိုင်းအတွက်သင်ခန်းစာနဲ့ ဖခင်ဖြစ်သူတိုင်းအတွက်မျှော်လင့်ချက်တွေ ဆိုင်ထဲမှာ မင်းထားခဲ့ပါတယ်လေ..."

Credit:Original Writer

(PS: ဒီစာလေးဖတ်ပြီး ကျွန်တော်တို့ နှလုံးသားတွေ ထိရှသွားတယ်။ နောက် အိမ်ကိုပြန်ရောက်တဲ့အခါ ကိုယ့်အဖေနဲ့တွေ့ပြီဆိုပါစို့။ ခင်ဗျားတို့ ဘာလုပ်ဖြစ်သလဲ။ စာဆိုတာ ဖတ်ပြီး မေ့ပစ်ဖို့မှ မဟုတ်တာ။ ကိုယ်စိတ်ထိခိုက်ခံစားခဲ့တဲ့အတိုင်း၊ ကိုယ်စိတ်ကူးထားတဲ့အတိုင်း ဒီနေ့ကစ လိုက်နာကြစို့ သူငယ်ချင်း...။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments