ဘဝသင်ခန်းစာ(၉၆)

ဘဝသင်ခန်းစာ(၉၆)

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ...
သစ်ပင်တွေခုတ်လွန်းလို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ သဲကန္တာရကြီးတစ်ခု ပေါ်လာသတဲ့
တနေ့တော့...
လူတစ်ယောက်ဟာ အဲဒီ သဲကန္တာရထဲမှာ လမ်းပျောက်ပြီး အစာရေစာပြတ်နေတာ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘူးတဲ့...
အစာရေစာ လိုက်ရှာရင်း တနေရာကို ရောက်တော့ ဈေးဆိုင်တစ်ခုတွေ့တာနဲ့ အနားကပ်သွားလိုက်တယ်
ပြီးတော့ ဆိုင်ရှင်ကို ပြောတယ်... ...
"ကျနော့်ကို ရေတပုလင်းလောက် ရောင်းပါဗျာ"
ဒီတော့ ဆိုင်ရှင်က ပြန်ပြောတယ်... ...
"အီရာ... ဝ ဆိုင်မှာ ရီ (ရေ) မရောင်းဘူးလေ၊ နက်ကတိုင် ရောင်းတယ်၊ လု လိုရှင်ရင် ဇီး (ဈေး) လျော့ပီးလိုက်မယ်"
"အာ ခင်ဗျား နက်ကတိုင် ကျုပ်က ဘာလုပ်ရမှာတုန်း၊ ရေဆာတာပါဆိုမှ"
"အီလာဆို... ဟိုးဆေ့ တစ်မိုင်လောက်မှာ ဝ ညီတစ်ယောက် စားသောက်ဆိုင်ဖွင့်ထားတယ်၊ အဲဒီဆိုင်မှာ လု လိုရှင်တဲ့ ရီရော ထမင်းရော အကုန်ရလယ် တွားပေတော့"
"ကျေးဇူးဗျာ"
... ဆိုပြီး ထွက်သွားမယ်လုပ်တော့ ဆိုင်ရှင်က ထပ်ပြောလိုက်သေးတယ်... ...
"နက်ကတိုင် တစ်ခုလောက်တော့ ဝယ်တွား"
"တော်စမ်းပါဗျာ ကဲသွားပီ၊ လမ်းညွှန်ပေးတာ ကျေးဇူးတင်တယ်"
အဲ...
နောက်တစ်နာရီလောက်ကြာတော့ ခုနလူ လေးဘက်ထောက်ပြီး ပြန်ရောက်လာတယ်
လူကလည်း ဘတ်လဘိုင်လိုက်နေပြီ
သူ့ကို မြင်တော့ ဆိုင်ရှင်က လှမ်းမေးတယ်... ...
"ဝေး လု ၊ ဘီလိုလဲ အိုခေခဲ့လား"
"ဟောဟဲ ... ဟောဟဲ... ငါ့ကို နက်ကတိုင်တစ်ခု ရောင်း"
"ခုလကတော့ မီလိုပူးဆို"
"အာ... ပေါက်ဖော်၊ နင့်ညီဆိုင်မှာ စည်းကမ်းတစ်ခု သတ်မှတ်ထားတယ်"
"ဘာတဲ့လဲ"
"နက်ကတိုင်စည်းမထားတဲ့လူ ဆိုင်ထဲ မဝင်ရတဲ့"
ဒီတော့ ဆိုင်ရှင်က ပြန်ပြောတယ်...
"ဝ မီပြောပူးလား၊ တခုလောက် ဝယ်တွားပါဆို"
Credit:သန်၎ကို
(ဒီပုံပြင်လေးဖတ်ပြီး ခင်ဗျားတစ်ခုခု တွေးမိမယ် ထင်ပါတယ်။ ဒါဟာ ခင်ဗျားအတွက် သင်ခန်းစာတစ်ခုဖြစ်မှာပါ...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://www.facebook.com/authorshintnyolay

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း