ဘဝသင်ခန်းစာ(၈၁)



ဘဝသင်ခန်းစာ(၈၁)

စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်… ဘယ်သူကမှ သူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး…။
တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေးတစ်လုံးမှာ
“တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာမှာနံပါတ်တစ်”
ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ကြတယ်…။ စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင်ပြိုင်ကစားကြတာ အိမ်ရှင်က ၃ကြိမ်လုံးရှုံးခဲ့တော့
စစ်သူကြီးက ရယ်မောပြီးပြောတယ်-
“ ဟားဟား....မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်လိုက်တော့ ”
ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက်သွားတော့တယ်…။
..........................
မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်… ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့ နောက်ထပ်စိန်ခေါ်စကားပြောကြရင်း ထပ်ကစားဖြစ်ကြတယ်…။
..........................
ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ်… စစ်သူကြီး အရမ်းအံသြသွားတယ်…
အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်း' ပေါ့…
အိမ်ပိုင်ရှင်ကပြောပြတာက
“ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့တာဝန်ကြီးရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကိုချိုးပစ်လို့မသင့်ဘူး။ ဒီတစ်ခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့ ”

Credit:Original Writer

(PS:ဒီပုံပြင်ကို ဖတ်ဖူး၊ ကြားဖူးတဲ့ သူငယ်ချင်းတွေ များမယ်ဆိုတာ သိပါတယ်။ တိုင်းပြည်ကာကွယ်နေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကို စိတ်ဓာတ်အဆင့်မြင့်တဲ့ ပြည်သူတစ်ယောက်ရဲ့ ပြုမူပုံပါ။ ဒီနေ့ စင်ပေါ်ကနေ ပါဖောမင့် အမည်ခံပြီး သရော်မော်ကား လုပ်နေတဲ့ အဖွဲ့တချို့ရဲ့ လုပ်ရပ်ကို မြင်မိတော့...။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ဒါကတော့ ကျွန်တော့် ခံစားချက်ပါ...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း