ဘဝသင်ခန်းစာ(၈၂)
ဘဝသင်ခန်းစာ(၈၂)
အရက်ဘားအတွင်းသို့ တရားဟောဆရာတစ်ယောက်
ဝင်ရောက်လာပြီး လူတစ်ယောက်အား…
တရားဟောဆရာ။
။မင်းနတ်ပြည်သွားချင်သလား..
ပထမလူ ။ ။ သွားချင်ပါတယ်…
တရားဟောဆရာ။ ။ ဒါဆို
ဒီဘက်မှာလာရပ်ချေ..
နောက်တယောက်အားလည်း
တရားဟောဆရာ။ ။
မင်းရောနတ်ပြည်သွားမလား…
ဒုတိယလူ ။ ။ သွားချင်ပါတယ် ခင်ဗျာ ...
တရားဟောဆရာ။ ။
ဒါဆိုမင်းလည်းဒီဘက်လာရပ်…
တရားဟောဆရာလည်း နောက်ဆုံးတစ်ဦးအား
တရားဟောဆရာ။ ။ မင်းရော
နတ်ပြည်လိုက်မယ်မလား….
တတိယလူ ။ ။ ဟင့်အင်း..
တရားဟောဆရာ။ ။ ဘာဖြစ်လို့တုန်း…
မင်းသေရင်နတ်ပြည်မရောက်ချင်ဘူးလားကွ…
တတိယလူ ။ ။ အော်သေမှလား
ကျွန်တော်ကအခုချက်ချင်းသွားဖို့လူစုနေတာမှတ်လို့…အဟီးဟီး။
Credit: Original Writer
(PS: ကျွန်တော်တို့တတွေက
ကောင်းတဲ့နေရာလို့ သိနေပေမယ့် ချက်ခြင်းဆိုရင်တော့ ရာနှုန်းပြည့်
မလိုက်ချင်ကြတာများတယ်။ အဲ လူစုံတုန်းလေးဆိုပြီး ဘော်ဒါတွေ
ဆုံပြီဆိုရင်တော့........။ ဟုတ်ကဲ့ ရာနှုန်းပြည့်ပါခင်ဗျ...)
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
သင့်ရဲ့
ရှဥ့်ညိုလေး
Comments
Post a Comment