ဘဝသင်ခန်းစာ(၇၇)



ဘဝသင်ခန်းစာ(၇၇)

            ဇနီးမောင်နှံ နှစ်ဦး တင်းနစ်ရိုက်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ ရိုက်လိုက်တဲ့ တင်းနစ်ဘောလုံးဟာ အနီးရှိအိမ်က ပြတင်းပေါက် သွားထိပါတယ်။ ဒီတော့ အမျိုးသား က ပြောလိုက်ပါတယ်။

“မင်းကိုပြောသားပဲ။ သေချာဂရုစိုက်ရိုက်ပါလို့။ ခုတော့ ငါတို့ သွားတောင်း ပန်ရတော့မယ်”
တံခါးကိုတစ်ချက်ပဲ ခေါက်ရသေးတယ် အထဲက ဘဲကြီးတစ်ပွေ က နွေးထွေးပြူငှာစွာပဲ ကြိုဆိုတယ်။ အံ့သြစွာနဲ့ အထဲဝင်တော့ ဧည့်ခန်း ထိုင်ခုံမှာ အေးဆေးထိုင်စေပါတယ်။ ကွဲသွားတဲ့ ပြတင်းပေါက် ကလည်း ပြန်ပြင်ပြီးသားဖြစ်ပြီး ဘေးမှာ မှန်အကွဲ တစ်ချို့ ကို စုပုံထားပါတယ်။
“ကွဲသွားတဲ့မှန်အတွက် တောင်းပန်ပါတယ်ဗျာ။ ကျနော်တို့ ဘာပြန်လုပ်ပေးရ မလဲခမျာ”
“မလိုပါဘူးကွာ။ အမှန်တော့ ငါကတောင် မင်းတို့ကို ကျေးဇူးတင်ရမှာ။ ငါက ဒီအိမ်မှာပိတ်မိနေတဲ့ မီးခွက်စောင့် နတ်တစ်ပါးကွ။ ဒီအိမ်ထဲမှာ ကျိန်စာ သင့်ပြီး ပိတ်မိနေတာ နှစ် (၄၀၀) ကျော်ပြီ။ ခု မင်းတို့ ရိုက်လိုက်တဲ့ တင်းနစ်ဘောလုံးက မှန်လာကွဲစေလို့သာ လွတ်မြောက်ခဲ့ရတာပါ။ ဒီတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းတို့ နှစ်ယောက်ကို ဆု တစ်ခုစီ တောင်း ခွင့်ပေးမယ်။ ငါလည်း မင်းတို့ဆီကနေ ဆုတစ်ခု ပြန်တောင်းမယ်။ အဆင်ပြေမယ်ဆိုရင်ပေါ့”
ဒီတော့ ခင်ပွန်းဖြစ်သူက ဝမ်းသာအားရစွာနဲ့ပဲ လစဉ်သိန်းထောင့်ငါးရာ ထီဆု (၇) ကြိမ်ဆက်တိုက်ပေါက်ဖို့ ဆုတောင်းလိုက်ပါတယ်။ အမျိုးသမီး ကလည်း ၀င်ဒါမီယာမှာအိမ်တစ်လုံးနဲ့ လက်ဝတ်ရတနာအများကြီး ရှိချင်တယ်လို့ တောင်းပါတယ်။
“ဟုတ်ပြီ။ ဘယ်တော့မှ မဆင်းရဲစေရအောင် ဆုတွေ ပြည့်စေမယ်။ ဒီက အမျိုးသမီးကိုလည်း နတ်စည်းစိမ်လို့ ပြည့်စုံလှတဲ့ အိမ်တစ်လုံးနဲ့ လက်ဝတ်ရတနာအပြည့် ရစေပါမယ်။ အပိုဆုအနေနဲ့ နှစ်ဦးစလုံး ဘေးမသီ၊ ရန်မခ အသက်ရှည် ကျန်းမာစေရမယ်။ ဟုတ်ပြီ။ ကဲ အခု ငါလိုချင်တဲ့ ဆုကို ပြန်တောင်းမယ်။ ငါက ဒီအိမ်မှာပိတ်နေတာ နှစ် (၄၀၀) မကတော့ဘူး။ အခု အလိုချင်ဆုံး ကတော့ မိန်းကလေး တစ်ယောက်နဲ့ အတူအိပ်ဖို့ပဲ။ ဒီတော့ အမျိုးသမီးနဲ့ ခဏလောက် အိပ်ခွင့် ပေးနိုင်မလား”
ဒီတော့ ဇနီးမောင်နှံနှစ်ဦးတွေဝေသွားပါတယ်။ အတန်ကြာစဉ်းစားပြီး အမျိုးသားက သူ့ဇနီးကို ပြောလိုက်ပါတယ်။
“ချစ်ရေ။ တို့တွေမှာ အလွန်ကောင်းတဲ့ အနာဂတ် တစ်ခုရှိနေပြီ။ သေလည်းသေချာနေပြီ။ မောင်ကတော့ သဲ ဆုံးဖြတ်တဲ့ အတိုင်းပါပဲ”
"အင်း။ ဟုတ်တယ်။ အနာဂတ်က သေချာနေပြီပဲ။ မောင်လည်းကြည်ဖြူ တယ်ဆိုရင် သဲပေးဆပ်ရဲပါတယ်။ နတ်တစ်ပါးနဲ့ တစ်ကြိမ် တစ်ခါ အတူ အိပ်တဲ့အပေါ် မောင်လည်း နားလည်ပေးမယ်ဆို သဘောတူ ပါတယ်”
ဒီတော့ နှစ်ဦးသား တိုင်ပင်ပြီး ခေါင်းညိတ်လိုက်တော့ ဘဲကြီးက အမျိုးသမီး ကို အပေါ်ထပ်ခေါ်သွားပြီး သူ့ဆန္ဒအတိုင်း လိုက်လျောစေပါတယ်။ အတန်ငယ်ကြာပြီးနောက် ဘဲကြီးက အမျိုးသမီးကို မေးပါတယ်။
“လုံမလေး အသက်ဘယ်လောက်ရှိပြီလဲ”
” (၃၅) နှစ်ရှိပါပြီရှင့်”
“သေသင့်တယ်။ အသက်က (၃၅) နှစ်ရှိပြီ။ ခုထိ အာလာဒင်မီးခွက်စောင့် နတ်ဆိုတာကို ယုံတုန်းပဲ”

Credit_To_Original

(PS:ကျွန်တော်တို့လည်း အိုင်တီခေတ်မှာနေတယ်၊ ဘာတယ်၊ ညာတယ် ပြောနေကြပေမယ့် ထီပေါက်ဖို့ ဆုတောင်းတုန်း၊ ထီထိုးတုန်း၊ နတ်ပွဲတွေမှာ မရှက်မကြောက် ညီဘွားကို မ-စပါ ဆုတောင်းတုန်း...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း