ဘကြီးဖြိုးပြောသော ပုံပြင်များ
ဘကြီးဖြိုးပြောသော ပုံပြင်များ ယနေ့ ဥပုသ်နေ့ဖြစ်သည်။ ဒီတစ်ပတ် ဥပုသ်တော့ အမယ်ကြီးစံ မလိုက်နိုင်တော့တာ သေချာသည်။ ဒူးနာနေသောကြောင့် ဖြစ်သည်။ တူမ၏သမီးဖြစ်သူ မသက်ကို ကျောင်းလိုက်ပို့ခိုင်း၍ ဖြစ်သော်လည်း ကြာကြာမထိုင်နိုင်သောကြောင့် အိမ်မှာပင် နေခဲ့ရန် ပြောထားရသည်။ ဥပုသ်ယူနေကြ ကျောင်းမှ ဦးဇင်းလေးက သီလပေးပြီးသည်နှင့် တရားတိုလေးများကို ဟောကြားတတ်သေးသည် မဟုတ်လား။ ဝါတွင်းသုံးလအတွင်း ဥပုသ်စောင့် မပျက်လိုသော အမယ်ကြီးစံအတွက် အိမ်မှာပင် သီလယူကာစောင့်ရန် ဖျောင်းဖျထားရသည်။ တကယ်တမ်းပြောရလျှင် အမယ်ကြီးစံ မပါတော့ ဥပုသ် ကျောင်းသွားရမည်ကို ခပ်ပျင်းပျင်းဖြစ်နေသယောင် ဘကြီးဖြိုးတစ်ယောက် ခံစားမိသည်။ “ အဖိုးကြီး ရေမချိုးသေးဘူးလား … သီလယူသွားဖို့ ပြင်တော့လေ”